လ - နိုဝင်ဘာ 2016

လုံခြုံစိတ်ချရသောနေရာ

ဂျပန်လူငယ်လေးတစ်ယောက်သည် အိမ်မှထွက်မသွားရဲသည့် ကြောက်စိတ်ပြဿနာ ရှိသည်။ သူတစ်ပါးနှင့် မဆက်ဆံချင်သောကြောင့် နေ့ဘက်တွင် အိပ်ပြီး ညဘက်တွင် တစ်ညလုံးမအိပ်ဘဲ တီဗွီကြည့်နေသည်။ သူသည် ဟီကီကိုမိုရီ ခေါ် ခေတ်သစ်ရသေ့ တစ်ပါးဖြစ်လာသည်။ ပြဿနာက ကျောင်းတွင် အဆင့်မကောင်း၍ ကျောင်းမသွားခြင်းမှ
စသည်။ လူမှုအသိုင်းအ၀န်းနှင့် အနေဝေးလာသည်နှင့်အမျှ လူများနှင့် အဆင်မပြေတော့ဟု  ပိုခံစားလာရသည်။ တဖြည်းဖြည်းနှင့်   သူငယ်ချင်း၊ မိသားစုများနှင့် အကုန် အဆက်အသွယ်  ဖြတ်ခဲ့သည်။ ထို့နောက် ကျိုးပဲ့ကြေကွဲနေ သူများ ပတ်ဝန်းကျင်နှင့် ပြေလည် အစပြု ဆက်ဆံနိုင်အောင် မစပေးသည့် လုံခြုံစိတ်ချရသော တိုကျိုမြို့ရှိ Ibasho ခေါ်  လူငယ်ကလပ်အဖွဲ့သို့ သွားရောက်ခြင်းဖြင့် သူ့ကို ပြန်လည် ကျန်းမာလာအောင် ကူညီပေးခဲ့သည်။
ကျွန်ုပ်တို့၏အသင်းတော်ကို   Ibasho ကဲ့သို့ နေရာမျိုး (သို့) ထိုထက်ပိုအဓိပ္ပာယ်ရှိသောနေရာတစ်ခုအဖြစ် တွေးမြင်ကြည့်မည်ဆိုလျှင်  မည်သို့ဖြစ်မည်နည်း။ ကျွန်ုပ်တို့သည် ကျိုးပဲ့ကြေမွသူများအစုအဝေး…

မေတ္တာပါသော လုပ်ဆောင်မှု

လန်ဒန်မြို့ရှိ ကျွန်မတို့အိမ်သို့ အလည်လာသောဧည့်သည်အား "လျှော်ချင်တဲ့ အ၀တ်တွေများ ရှိသလား" ဟု မေးလိုက်ရာ၊ သူ့မျက်နှာဝင်းပသွားပြီး ဖြတ်လျှောက် လာသော သူ့သမီးအား "အင်္ကျီအပေတွေသွားယူလာခဲ့၊ အေမီက အ၀တ်တွေ လျှော်ပေးမလို့တဲ့" ဟု ပြောလိုက်သည်။ ကျွန်မပြုံးလိုက်မိလျက် အ၀တ်အနည်းငယ်မှ အ၀တ်ထုပ်ကြီး ဖြစ်လာတော့မည်ဟု တွေးမိသည်။
အ၀တ်များကို အိမ်အပြင်၌ ထုတ်လှန်းစဉ် မနက်က ဖတ်ခဲ့သည့်ကျမ်းစာက အတွေးထဲဝင်ရောက်လာသည်။ ‘‘သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ်
ကြလော့’’ (ဖိ ၂း၃)။ ဖိလိပ္ပိမြို့သားတို့ထံ ရှင်ပေါလု ရေးသား သည့် သြ၀ါဒစာကို ကျွန်မဖတ်စဉ် ရှင်ပေါလုက အစေခံခြင်း၊ အခြားသူများနှင့် သင့်တင့်ညီညွတ်စွာ နေထိုင်ခြင်းအားဖြင့် ဘုရားရှင်၏ခေါ်တော်မူခြင်းနှင့် အထိုက်အလျောက် အကျိုး ရှိစွာ အသက်ရှင်ရန် အထူးတိုက်တွန်းနှိုးဆော်ထားသည်။ ညှဉ်းပမ်းနှိပ်စက်မှုများ ခံနေရလင့်ကစား  ၎င်းတို့တစ်စိတ် တစ်သဘောတည်းရှိခြင်းကို ရှင်ပေါလု…

ခိုင်မာသော အောင်နိုင်သူ

ကျွန်ုပ်တို့အများစုသည် အစိုးရကောင်းကို မျှော်လင့်တတ်ကြသည်။ ကျွန်ုပ်တို့ မဲပေးကြ၊ အစေခံကြပြီး မိမိတို့ ယုံကြည်လက်ခံထားသည့် တရားမျှတခြင်း၊ တန်းတူညီမျှခြင်း အကြောင်းများကို ဖွင့်ဟပြောဆိုကြသည်။ သို့သော် နိုင်ငံရေးအရ ဖြေရှင်းမှုများသည်  ကျွန်ုပ်တို့၏ နှလုံးသားအခြေအနေကို ပြောင်းလဲပစ်ရန်မစွမ်း၊ အင်အားမဲ့နေကြသည်။
များစွာသော သခင်ယေရှု၏နောက်တော်လိုက် များသည် ရောမတို့၏ ပြင်းထန်လှသောနိုင်ငံရေးအရ ကြိုးကိုင်ချယ်လှယ်မှုနှင့် လက်ဝါးကြီးအုပ်ဖိနှိပ်မှုများကို ကြီးမားစွာ တုံ့ပြန်ပြောင်းလဲပေးနိုင်မည့် မေရှိယကို မျှော်လင့် တောင့်တခဲ့ကြသည်။ ခရစ်တော်ကို ဖမ်းဆီးရန် ရောမ စစ်သားများ ရောက်လာသောအခါ ပေတရုသည် ဓားကို ယူကာ ယဇ်ပရောဟိတ်အကြီးအကဲ၏အစေခံနားရွက်ကို ခုတ်ဖြတ်ခဲ့သည်။
သခင်ယေရှုက ပေတရု၏တစ်ကိုယ်တော်တိုက်စစ်ကို ရပ်စေပြီး ‘‘ထားကို အိမ်၌ သွင်းထားလော့။ ခမည်းတော်သည် ငါ့အားပေးတော်မူသောခွက်ကို ငါမသောက်ရာ သလော"ဟု ပေတရုအား မိန့်တော်မူ၏’’ (ယော ၁၈း၁၁)။ အတန်ငယ်ကြာပြီးနောက် သခင် ယေရှုသည် ပိလတ်မင်းအား ‘‘ငါ၏နိုင်ငံသည်…

မေတ္တာဖြင့် ဦးဆောင်ခြင်း

ဝိညာဉ်ရေးရာခေါင်းဆောင်မှုစာအုပ်တွင် ဆရာကြီး J.Oswald Sanders သည်
လိမ္မာပါးနပ်မှု၊ ပေါင်းသင်းဆက်ဆံမှု အရည်အသွေးနှင့် ၎င်း၏အရေးပါမှုများကို လေ့လာ တင်ပြထားသည်။ ဆရာကြီးက ‘‘ယင်းစကားလုံး ၂ လုံးကို ပေါင်းစပ်လိုက်သောအခါ တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့စရာမရှိ၊ အပေးအယူညှိစရာမလိုဘဲ မတူညီသည့် အမြင် များကို  ပြေလည်စေသည့် အရည်အသွေးများ၊ အကြံဉာဏ် များထွက်ပေါ်လာကြောင်း’’ ပြောခဲ့သည်။
ရောမမြို့တွင် ရှင်ပေါလု အကျဉ်းကျခဲ့စဉ်က သူသည် ဖိလေမုန်ပိုင်သော ကျွန်ပြေးသြနေသိမ်နှင့် ၀ိညာဉ်ရေးရာ လမ်းပြသူ၊ အရင်းနှီးဆုံးမိတ်ဆွေ ဖြစ်ခဲ့သည်။ ကောလောသဲ မြို့ရှိ အသင်းတော်ခေါင်းဆောင် ဖိလေမုန်ထံသို့ရေးသော ရှင်ပေါလု၏စာတွင် သြနေသိမ်ကို ခရစ်တော်၌ ညီအစ်ကိုတစ်ယောက်အဖြစ် လက်ခံရန် တောင်းပန်ကာ လိမ္မာပါးနပ်စွာနှင့် လူမှုဆက်ဆံရေးအကြောင်းကို သာဓက ပြထားသည်။ ‘‘ဤအကြောင်းကြောင့် ငါသည် ခရစ်တော်၌ညီအစ်ကိုချင်းအနေဖြင့် သင် ပြုသင့်သည့်အမှုအရာကိုပြုရန်  အမိန့်ပေးနိုင်ခွင့်ရှိသည်ဟု ယုံကြည်သော်လည်း ငါသည် သင့်ကို…

သမ္မာသတိရှိကြလော့

ကျွန်တော့်စာကြည့်စားပွဲသည် အိမ်နီးချင်းများကို လှမ်းမြင်နေရသည့် ပြတင်းပေါက်နားတွင် ရှိသည်။ ထိုအပေါ်စီးမှမြင်ရသောမြင်ကွင်းမှ အနီးရှိငှက်ကလေးများ ဆင်းသက်နားနေ အိပ်တန်းတက်သည်ကို မြင်ခွင့်ရခဲ့သည်။ အချို့ငှက်များက လိုက်ကာကြား ညှပ်မိနေသော ပိုးကောင်များကိုစားရန် ပြတင်းပေါက်အနီးသို့ ရောက်လာကြသည်။
ငှက်များသည် ၎င်းတို့အနီးအနား ပတ်ဝန်းကျင်ကို အန္တရာယ်ရှိမရှိ လေ့လာရင်း စူးစူးစိုက်စိုက်နားထောင်တတ်ကြ သည်။ ၎င်းတို့အန္တရာယ်ကင်းသည်ဟု တစ်ထစ်ချယုံတော့မှ အကျအန အစာစားသည်။ သည့်တိုင် စားရင်းနှင့် စက္ကန့် အနည်းငယ်ကြာတိုင်း ပတ်ဝန်းကျင်ကို လေ့လာပြန်သည်။
သတိဝီရိယရှိသည့် ထိုငှက်လေးများသည် ခရစ်ယာန် များအတွက် သမ္မာသတိရှိရန်  သမ္မာကျမ်းမှသွန်သင်ထားမှုကို သတိရစေပါသည်။ ဤကမ္ဘာလောကကြီးသည် စုံစမ်းခြင်းများနှင့် ပြည့်နှက်နေသောကြောင့် အန္တရာယ်ရှိကြောင်း မိမိကိုယ်ကို အဆက်မပြတ်သတိပေးလျက် နိုးကြားမှုရှိရန် လိုအပ်သည်။ အာဒံနှင့် ဧ၀ကဲ့သို့  "စားဘွယ်ကောင်းခြင်း၊ အဆင်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှာ နှစ်သက်ဘွယ်သောအပင်ဖြစ်ခြင်း" (ကမ္ဘာ ၃း၆) စသည်ဖြင့် လောကကြီး၏ ဆွဲဆောင်နေသောအရာများနှင့် အလွယ်တကူ…

ငါ့ထံသို့ပြေးလာကြ

ကျွန်မတို့အိမ်အနီးရှိပန်းခြံထဲတွင် ကျွန်မနှင့်ကလေးများ လမ်းလျှောက်နေရင်း   လွှတ်ထား
သည့် ခွေးနှစ်ကောင်နှင့် ပက်ပင်းတိုးခဲ့သည်။ ခွေးတစ်ကောင်က ကျွန်မ သားကို ခြောက်လှန့်နေသည်ကို ပိုင်ရှင်က သိပုံမပေါ်ပါ။  သားလေးက ခွေးကို မောင်းထုတ် သော်လည်း ထိုခွေးက တိုး၍နှောင့်ယှက်နေသည်။
တဖြည်းဖြည်းနှင့်  သားလေး ကြောက်လာသည်။ သားက အတော်ဝေးဝေး ပြေးသွားသော်လည်း ခွေးက ဆက်လိုက်နေပြန်သည်။ ‘‘အမေ့ဆီပြေးလာခဲ့’’ ဟု ကျွန်မ မအော်မချင်း ခွေးက ပြေးလိုက်နေသည်။ သားလေးပြန်လှည့်လာပြီး စိတ်ငြိမ်လာတော့မှ ခွေးက အခြားနေရာသို့ သွားရောက်နှောင့်ယှက်ပြန်တော့သည်။
အသက်တာတွင် ဘုရားသခင်က ကျွန်မတို့အား ‘‘ငါ့ဆီပြေးလာခဲ့’’ ဟု ပြောနေချိန်များရှိသည်။ ကျွန်မတို့၏ ခြေကို တစ်စုံတစ်ရာက နှောင့်ယှက်နေသည်။ ပို၍ မြန်မြန် ဝေးဝေးပြေးလေလေ ထိုအခက်အခဲများက ပို၍ နီးကပ်စွာ လိုက်လာလေလေဖြစ်သည်။ ကျွန်မတို့ ရုန်းမထွက်နိုင်ပါ။ မိမိဖာသာ ပြန်လှည့်ပြီး အခက်အခဲများကို …